အောင်လံ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ငါ့ပြင်းကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်ဆိုလာလျှပ်စစ်မြစ်ရေတင် ဆာဖိုးသာစပါးစိုက်ပျိုးရိတ်သိမ်းမှုကို ကြေးတိုင်နှင့် မြေစရင်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းခဲ့သည်။
အဆိုပါ ရတနာတိုးစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ ကွင်းအမှတ်(၂၀၄ A)၊ တောင်သူ ဦးမျိုးလွင် ဦးပိုင်အမှတ်(၁၈၂/၄)၊ ရတနာတိုးစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ စပါးအစိုထွက် (၈၅.၉၁)တင်းနှုန်း၊ တောင်သူဦးခင်ဝင်း၊ ဦးပိုင်အမှတ်(၁၂၄)၊ ရတနာတိုးစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ စပါးအစိုထွက် (၉၃.၇၂)တင်းနှုန်း၊ တောင်သူဦးမျိုးလွင်၊ ဦးပိုင်အမှတ်(၁၆၄) ရတနာတိုးစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ စပါးအစိုထွက်(၁၀၁.၅၃)ထွက်ရှိခဲ့ပြီး၊ ဆာဖိုးသာစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ ကွင်းအမှတ်(၂၆၂) တောင်သူဦးစန်းလွင်၊ ဦးပိုင်အမှတ်(၁၆၄)၊ ဆာဖိုးသာစပါးမျိုးအား စံကွက်ရိတ်သိမ်းရာ စပါးအစိုထွက် (၁၅၂.၂၉)နှုန်း ထွက်ရှိကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)