တိုက်ကြီး ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် လသာကုန်းပျိုးဥယျာဥ်၊ ဖလုံပျိုးဥယျာဥ်နှင့် ဇီးပင်ဆိပ်ပျိုးဥယျာဥ်တို့တွင် လူထုဖြန့် ပျိုးပင် ခုနှစ်သောင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မိုးရာသီကာလသစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် လသာကုန်းပျိုးဥယျာဥ်တွင် မန်ဂျန်ရှား၊ ပျဥ်းကတိုး၊ ကျွန်း၊ မဟော်ဂနီ၊ ဝါး၊ ပိတောက်၊ မယ်ဇလီ၊ ပျဥ်းမ၊ ခရေနှင့် ကံ့ကော် ပျိုးပင် ၄၀၀၀၀ ပင်၊ ဖလုံပျိုးဥယျာဥ်တွင် မန်ဂျန်ရှား၊ ပျဥ်းကတိုးနှင့် ကျွန်းပျိုးပင် ၁၅၀၀၀ ပင်နှင့် ဇီးပင်ဆိပ်ပျိုးဥယျာဥ်တွင် မန်ဂျန်ရှား၊ ပျဥ်းကတိုးနှင့် ကျွန်းပျိုးပင် ၁၅၀၀၀ ပင် စုစုပေါင်းလူထု ဖြန့်ပျိုးပင်ပေါင်း ၇၀၀၀၀ ကို ပျိုးထောင်ထားရှိပြီး မိုးရာသီကာလတွင် ပြည်သူများ စိုက်ပျိုးနိုင် ရန်အတွက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)