တနိုင်း ဇွန် ၆
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲကို ယမန်နေ့နံနက် ၇ နာရီက လီဒိုလမ်းမကြီးဝဲယာတစ်လျှောက် ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အညာကုက္ကိုလ်(၁၀၀)ပင်၊ ခရေ (၅၀) ပင်၊ သပြေဘူတ (၅၀)ပင်၊ ကျွန်း (၅၀)ပင်နှင့် ပျဥ်းကတိုး (၅၀)ပင်၊ ပျိုးပင်စုစုပေါင်း (၃၀၀) ပင်တို့ကို သတ်မှတ်နေရာများတွင် စနစ်တကျ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နေလင်းထူး(ပြန်/ဆက်)