မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) ၏ အမျိုးသားကုတ် အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇွန် ၆

မွန်ပြည်နယ် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်) ၏ အမျိူးသားကုတ်အင်္ကျီ/သူနာပြု ဦးဆောင်းအပ်နှင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်​နေ့ မွန်းလွဲပိုင်းက ​မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၊ ​သင်တန်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုကို ပုခုံးပြောင်းတာဝန်ယူမဲ့ မျိုးဆက် သစ်သူနာပြုမောင်မယ်များအဖြစ် ဦးဆောင်းနဲ့ ဝတ်စုံအပ်နှင်း တဲ့ပွဲဖြစ်လို့လည်း ဂုဏ်ယူ ဝမ်းမြောက်မိပါ​ကြောာင်း၊ ကျန်းမာရေး ကဏ္ဍကိုမြှင့်တင်နိုင်ရန် ပါဝင်ဆောင်ရွက်နေကြတဲ့ သူနာပြုတွေရဲ့ ကျန်းမာရေးပြုစုမှု အရည်အသွေးတွေများသည် ခေတ်နဲ့အညီ တိုးတက်ရန် လိုအပ်ကြောင်း သူနာပြုသားဖွားဆရာ၊ဆရာမများသည် အနစ်နာခံခြင်း၊ သည်းခံခြင်း စေတနာ ထားခြင်း၊ ကြင်နာသနားခြင်း၊ ကရုဏာထားခြင်းဆိုသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားပြီး လူမျိုးဘာသာ၊ အသားအရောင်၊ အဆင့်အတန်း မခွဲခြားဘဲ ပြုစုမှုပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍ မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်သော၊ ဘက်စုံထူးချွန်သော၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားသော သူနာပြုလောင်းများမှသည် သူနာပြုကောင်းများ ဖြစ်လာပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း  အမှာစကား​ပြောကြား သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုဒီပလိုမာသင်တန်းသား/သူများအား တာဝန်ရှိသူများက အမျိုးသားကုတ်အင်္ကျီနှင့် သူနာပြုဦးဆောင်း ချီးမြှင့်အပ်နှင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများရရှိကြသော သင်တန်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

အဲဒီ​နောက် သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)တွင် မျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်း ချီးမြှင့်အပ်နှင်းခြင်းခံရသည့် သင်တန်းသား/သူများက သူနာပြုကျင့်ဝတ် ရွတ်ဆို၍ “ဂရုဏာအလင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)