အမြို့မြို့အနယ်နယ်သတင်းများ

Jun 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးရွာ မီးလင်းရေးကော်မတီတို့ပူး‌ပေါင်း၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျီးသဲကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jun 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၆ နာရီခွဲက ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Jun 19,2024
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား လူသားမျိုးနွယ်တစ်ရပ်လုံးကို ပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို  မျိုးဆက်သစ်လူငယ်များ သိရှိနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက် ၁၀  နာရီအချိန်က မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 19,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာတက်ကြွသော ဘဝရရှိစေရန်အတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ မြို့သစ်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာတော်များ ဆေးကုသဆောင်၌ ယနေ့နံနက် ၉ နာရီကပုံမှန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 19,2024
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI တို့ ပူးပေါင်း၍ သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန် (Value Added Product) အဆင့်မြင့်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ရတနာပုံစူပါစင်တာ(စတုတ္ထထပ်) MRCCI ရုံးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် MRCCI တို့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 19,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ဇွန်လ (၁၇) ရက်နေ့က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်(VDP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 19,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးထုတ်လုပ်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် အစေ့ထုတ်ပြောင်း ဧက ၁၄၀၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Jun 19,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုနှင့် ကျောင်းဥပဓိရုပ်များ ကောင်းမွန်ရေးအတွက် တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းများကို ဇွန်လ (၁၇)ရက်‌နေ့နှင့် ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။