အမြို့မြို့အနယ်နယ်သတင်းများ

Jun 19,2024
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်ခဲ့ရသူများ အခြေခံစာတတ်မြောက်စေရန်နှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုရရှိစေပြီး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်၊ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ၊ အဆိုပါလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများနှင့် စာသင်သားများအား ဂုဏ်ပြုပွဲအခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 19,2024
မြန်မာနိုင်ငံကြက်​ခြေနီအသင်းဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ကြိုတင်သတိပေးခြင်းနှင့် စောလျင်စွာတုံ့ပြန် ဆောင်ရွက်ခြင်းဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ​ရေနံချောင်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ ရုံးတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
Jun 19,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
Jun 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သုံဒါတ်ကျေးရွာအုပ်စု၊ တံတားချောင်ကျေးရွာ၌ ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်များကြုံတွေ့လာပါက အရေးပေါ်ခိုလှုံနိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် Cyclone Shelter အဆောက်အဦဖွင့်ပွဲအခမ်းအနားအား ယမန်နေ့မွန်းလွဲ(၃)နာရီက အဆိုပါအဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Jun 19,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ ကျောင်းသားများ စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင့်ကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးတို့နှင့် ပူးပေါင်းပြီး စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့နေ့လည်(၁) နာရီအချိန်က ဘုရင့်နောင် အခြေခံပညာအထက်တန်းကျောင်းရှိ စာကြည့်တိုက်ခန်းမအတွင်းတွင် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jun 19,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆီးချိုရောဂါနှင့် သက်ဆိုင်သည့် Mixtard Insulin ဆေး ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Jun 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့သည် ဆည်၊ မြောင်း၊ ချောင်ကန်ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးနှင့်သီးနှံမျိုးစုံ(၃၇၀)ဧက အောင်မြင်စွာ စိုက်ပျိုးရေပေးဝေနိုင်ရေး သင်းဒီးမြောင်းမှ ရေပြွန်(၃)လုံးအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
Jun 19,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။