Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အ.မ.က (တည်သီးပြင်)မှ ကျောင်းသား/ကျောင်းသူများ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်လေ့လာ
Jun 19,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်၊ စဥ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ ကျောင်းသားလူငယ်များ စာကြည့်တိုက်နှင့် ရင်းရင်းနှီးနှီးထိတွေ့ပြီး စာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့်ကို ကလေးဘဝမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာအသုံးပြုတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်း(တည်သီးပြင်)မှ ကျောင်းသား/ ကျောင်းသူများသည် ယနေ့နံနက်(၉)နာရီအချိန်က သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ စာကြည့်တိုက်လေ့လာရေးအစီအစဥ်အဖြစ် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jun 19,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည့်သူကျန်းမာရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ တွေ့ဆုံဆွေးနွေး
Jun 19,2024
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်စိုးဦးဟန်နှင့် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဦးဆောင်သော ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ပေါက်ခေါင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဖြိုးသူမောင်နှင့် မြို့နယ်ဌာနဆိုင်ရာများအဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်က ပေါက်ခေါင်းမြို့နယ် သဖန်းချိုကျေးရွာအုပ်စု၊ လေးကြီးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျေးရွာပြည်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများ (Mobile lab Van)ဖြင့် စစ်ဆေးခြင်းများ ကြီးကြပ်ဆောင်ရွက်
Jun 19,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ဈေးဆိုင်များ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က အခြေခံစားသောက်ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသောက်ကုန်ပစ္စည်းများအား နမူနာယူ (Mobile lab van)စနစ်ဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် ခရိုင်အဆင့်အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jun 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်အားကစားနှင့် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော အားကစားနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခရေခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ လေပြင်းဘေးတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်
Jun 19,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ(၁၄)ရက်နေ့က လေပြင်းဘေးတိုက်ခက်မှုကြောင့် လူနေအိမ်မျာ အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပ…
Jun 19,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြု ဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ
Jun 19,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့တို့ ပူပေါင်း၍ အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရေးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5731
Page
5732
Page
5733
Page
5734
Current page
5735
Page
5736
Page
5737
Page
5738
Page
5739
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department