ညောင်လေးပင်မြို့နယ်၌ လေပြင်းဘေးတိုက်ခက်မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေများပေးအပ်

ညောင်လေးပင် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ(၁၄)ရက်နေ့က လေပြင်း​​ဘေးတိုက်ခက်မှုကြောင့် လူနေအိမ်မျာ အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည့် လေဘေးသင့်နေအိမ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်တွင်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခက်၍ ပျက်စီးခဲ့သည့် ရေဖြူကန်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃၆၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၂၃၃၆၀၀)ကျပ်တို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိခိုင်စံတို့က လေဘေးသင့်အိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)