ညောင်ဦးမြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် မူကြမ်းစာရင်းစစ်ဆေးခြင်းများဆောင်ရွက်

ညောင်ဦး ဇွန်၂၁

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ဩဂုတ်လအတွင်း ဆောင်ရွက်ရမည့် အသက်(၁၈)နှစ်နှင့်အထက်မူကြမ်းစာရင်းများစစ်ဆေးခြင်းကို ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန (ညောင်ဦးမြို့နယ်)ရုံးတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကွန်ပျူတာဖြင့် စာရင်းများရေးသွင်းထားမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စာရင်းများ မှားယွင်းမှုရှိစေရေးစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထို့ကဲ့သို့ ဆောင်ရွက်လျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးပြည်ကျော်၊ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးအားပေးကာ အသက်(၁၈)နှစ်နှင့်အထက် စာရင်းများ မှားယွင်းမှုမဖြစ်ပေါ်စေရေး အလေးထားဆောင် ရွက်ရန်နှင့်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပူးပေါင်း ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း