မင်းတုန်းမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မင်းတုန်း ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပရာ အ.ထ.က (မင်းတုန်း)မှ ကျောင်းသား/ကျောင်းသူ (၁၅၁)ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းဆင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူငယ်များ ငယ်စဉ်ကတည်းက ကိုယ်ချင်းစာတရား ထားရှိမွေးမြူနိုင်ရန် အသိပညာပေး ဟောပြောခဲ့ပြီး မြို့နယ်အားကစားမှူး ဦးချစ်ကိုကိုအောင်က လူငယ်နှင့် အားကစားဆိုင်ရာများ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် အားကစားမှူး ဦးချစ်ကိုကိုအောင်က ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ဆရာမတစ်တစ်ဦးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)