စလင်း ဇွန် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျက်ရှိရာတွင် အငြိမ်းစားပင်စင်စားများ၏ လစာများကို အခက်အခဲမရှိ ထုတ်ယူနိုင်ရေးအတွက် ဘဏ်မန်နေဂျာ ဒေါ်မီမီအောင် ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စလင်းမြို့နယ်တွင် ပင်စင်စားဦးရေ စုစုပေါင်း (၂၄၀၀) ကျော်ရှိပြီး၊ ယနေ့နံနက်ပိုင်း ဘဏ်ငွေထုတ်ကတ်ပြားများကို ကိုင်ဆောင်၍ စနစ်တကျ အလှည့်ကျ ထုတ်ယူနိုင်ကြစေရန် စီစဥ်ဆောင်ရွက်ထားပြီး ပထမနေ့ ဇွန်လ (၂၁) ရက်နေ့တွင် ပင်စင်ထုတ်ယူသူ ဦးရေ (၇၀၅) ဦးရှိပြီး၊ စလင်းမြို့နယ်သည် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၁၀) ရှိ၍ ပင်စင်ထုတ်ယူသူဦးရေ များပြားလွန်းသဖြင့် အုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိရာ ပင်စင်စားများအနေဖြင့် ဇွန်လ(၂၁)ရက်နေ့မှ (၂၈)ရက်နေ့လည် (၂)နာရီအချိန်အထိ ထုတ်ပေးမည်ဖြစ်သည်။ စလင်းမြို့နယ်အတွင်းရှိ ထုတ်ယူရန် ကျန်ရှိနေသေးသည့် ပင်စင်စားများကိုလဲ အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း စလင်းမြို့နယ်ဘဏ်မန်နေဂျာ ဒေါ်မီမီအောင်ထံမှ သိရသည်။
(မောင်လွင်)စလင်း