Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငါးသိုင်းချောင်းမြို့ ဂွေးတောက်ကျေးရွာတွင် မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်းကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပ
Jun 25,2024
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ဇွန်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းက (နယူးဧရာ-၁) မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့်မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကို ဂွေးတောက်ကျေးရွာအုပ်စု တောင်သူဦးစိုးလွင်၏လယ်မြေ (၄.၀၀) ဧကပေါ်တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များ နှင့် (Book Club) အဖွဲ့ဝင်းများ ပူးပေါင်း၍ အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် စာရေးဆရာနတ်ရှင် (ရွှေဂူ) ရေးသားသည့် “လူငယ်များ၏ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖက်ဝိုင်းကို ကျင်ပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့၌ စက်မှုဇုန်နည်းဥပဒေရှင်းလင်းပွဲအခမ်းအနားကျင်းပ
Jun 25,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ စက်မှုဇုန်နည်းဥပဒေရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃ဝ မိနစ်အချိန်က စက်မှုဇုန်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်
Jun 25,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ဆောင်ရွက်ခြင်းလုပ်ငန်းများအဖြစ် ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်၌ အဘိတ်ဆေးခတ်ခြင်း နှင့် ဖုံး ၊ သွန် ၊ လဲ ၊ စစ် ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်တွင် ကလေးသူငယ်များအတွက် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများ…
Jun 25,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကလေးသူငယ်များအတွက် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများကို ယနေ့နံနက်(၉) ခွဲအချိန်တွင် အ.ထ.က(ခွဲ) အ.လ.က(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပ
Jun 25,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က အခြေခံပညာအထက်တန်း(တွင်းကုန်း) ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jun 25,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် (၁၈)နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲပြုလုပ်
Jun 25,2024
ရပ်စောက်မြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ရှိ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကို ယနေ့ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် တပ်မတော်အရာရှိများ၊ တောင်ကြီးခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ရပ်စောက်မြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ၊ စုစုပေါင်း (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းသား (၈၈) ဦးအား သင်တန်းဖွင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5644
Page
5645
Page
5646
Page
5647
Current page
5648
Page
5649
Page
5650
Page
5651
Page
5652
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department