တောင်ကြီး ဧပြီ ၁၅
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုအနှစ်သာရများ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အကြတ်နေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ ပင်းတယမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ နမ့်စန်မြို့နယ်၊ မူဆယ်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များတွင် ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျ ဖျော်ဖြေပေးလျက်ရှိရာ ပြည်သူများက မဟာသင်္ကြန်ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
(ပြန်/ဆက်)