ဖြူး ဧပြီလ ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲအတွင်း ရေကစားသူများဖြင့် စည်ကားမှုရှိနေကြောင်း သိရသည်။ ဖြူးချောင်းဆည်သည် ရန်ကုန်မန္တလေးအမြန်လမ်းမကြီး (၁၁၅)မိုင် အနောက်ဘက် (၅)မိုင် အကွာအဝေးတွင်တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များနှင့် သင်္ကြန်ကာလအတွင်း ရေချိူးခြင်း၊ ရေကစားခြင်းအပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြူးချောင်းဆည်သို့ သွားရောက်သည့် ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ကားများအား ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းသစ် မိုင်တိုင် (၁၁၅)မိုင်သို့သွားရာ ဆားဂွန်းလမ်းဆုံနေရာတွင် မလိုလားအပ်သည့် ခိုက်ရန်မဖြစ်ပွားစေရေး၊ ယာဉ်များစည်းကမ်းတကျမောင်းနှင်ရေး တာဝန်ရှိသူများက စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)