Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုလောမြို့နယ်၌ Biometric ထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Apr 08,2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နိုင်ငံသားတစ်ဦးချင်းစီ၏ (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ် (၅) အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ(၈၅)ဧက လျားထားစိုက်ပျိုး
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ချည်မျှင်ရှည်ဝါသီးနှံများကို မိုး၊ မိုးကြို၊ မိုးနှောင်းကာလများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီး၌ ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့်(၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် (၂၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဆိုပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ပွဲ ကျင်းပ
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (၂၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဆိုပူဇော်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာ တင်ပူဇော်ပွဲကို ဧပြီလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၆ ရက်နေ့နံနက် (၈)နာရီအချိန်က မြို့ဦး သံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ (၁၃)ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 08,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါအသင်းရုံး ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စုသာယာကုန်း နှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်ဖွင့်ပွဲတက်ရောက်
Apr 08,2024
ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဘားအံ-မော်လမြိုင်သာသနာနယ်၊ ပြည်ထောင်စုသာယာကုန်းနှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်အသစ်ဖွင့်လှစ်ခြင်းနှင့် ဆက်ကပ်ဝတ်ပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သာယာကုန်း(၁) လမ်းရှိ အဆိုပါအသင်းတော်ဗိမ္မာန်တော်အသစ်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်ပြည်သူများမှ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်း…
Apr 08,2024
၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီ ၆ ရက် နေ့လယ် ၁၂နာရီက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမစာစစ်ဌာနတွင် ဖြေဆိုတော်မူလျက်ရှိရာ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများစုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်အခမ်းအနား မြန်အောင်၌ကျင်းပ
Apr 07,2024
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးတို့အား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထု ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေက မြန်အောင်မြို့ မုံရွာပရိယတ္တိစာသင်တိုက် သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့ လေးမျက်နှာမဟာစည်ကျောင်းတိုက် ဆရာတော်၏ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ထပ်ဆင့်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ
Apr 07,2024
၂၀၂၄ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် ကမ္မဠာနာစရိယဘွဲ့တံဆိပ်တော်ရ လပွတ္တာမြို့၊ အမှတ် (၁၀) ရပ်ကွက် လေးမျက်နှာမဟာစည်ကျောင်းတိုက်၏ပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒါသီရိ၏ ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉နာရီချိန်ကလပွတ္တာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပရာ ကမ္မဠာနာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တစန္ဒါသီရိအမှူးပြုသော ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5301
Page
5302
Page
5303
Page
5304
Current page
5305
Page
5306
Page
5307
Page
5308
Page
5309
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department