Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မီးဘေးသင့်ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီထောက်ပံ့
Apr 04,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့သို့ သွားရောက်၍ မီးဘေးသင့်ပြည်သူများအား လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ချမ်း/တောင်ရပ်ကွက်၊ ဦးပွားဂုံးကျော်အနီး၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ၁၃၈၅ (၂၀၂၄ )ခုနှစ် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ကျင်းပ
Apr 04,2024
၁၃၈၅(၂၀၂၄)ခုနှစ်၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယမန်နေ့မွန်းတည့်(၁၂)နာရီမှစတင်၍ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိအခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲ ပထမနေ့ စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်(ကြီး၊လတ်၊ငယ်၊မူ) စာမေးပွဲပထမနေ့ကို ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က မြင်းခြံမြို့ ရွှေပြည်စိုး သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲစတင်ဖြေဆို
Apr 04,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ၁၃၈၅(၂၀၂၄)ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ(ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို ရတနာသိဒ္ဓိသာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီမှစ၍ ကျင်းပဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ
Apr 04,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၁၃၈၅ ခုနှစ်၊အစိုးရပါဠိ ပထမပြန်စာမေးပွဲကြီးကို ဧပြီလ(၃)ရက်နေ့မွန်းလွဲပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ပထမနေ့အဖြစ် စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာတွင် ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာရှိ အသက်(၁၆)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်း ကျင်းပ
Apr 04,2024
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ စိုးတင့်(ဧရာဝတီ) ရေးသားသည့် “ကံ ကံ၏အကျိုးပေးနှင့် ဖြစ်ရပ်မှန်ဝတ္ထုတိုများ”စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5236
Page
5237
Page
5238
Page
5239
Current page
5240
Page
5241
Page
5242
Page
5243
Page
5244
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department