ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

ချမ်းမြသာစည်   ဧပြီ  ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို  ချမ်း/တောင်ရပ်ကွက်၊ ဦးပွားဂုံးကျော်အနီး၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နေ့လယ် ၁၂ နာရီမှ ညနေ  ၄ နာရီထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 အဆိုပါ စာမေးပွဲများကို ဧပြီ ၃ ရက်နေ့မှ  ၉ ရက် နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲများသို့ ရဟန်း ၅၂၅ ပါး၊ လူပုဂ္ဂိုလ် ၂ ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲတွင်ဖြေဆိုသံဃာတော်နှင့် လူပုဂ္ဂိုလ်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေး ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့