အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
Apr 09,2024
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲရတနာ စာဖက်ဝိုင်း စာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၂၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ သုခရိပ်‌ ကျောင်းဆောင်တွင် ဧပြီလ ၆ ရက်နေ့  မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်သည်။
Apr 09,2024
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၉) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ ‌မော်လမြိုင်မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှု လျော့နည်းပပျောက်စေရေး၊ မြန်မာနိုင်ငံမှာ ကြုံတွေ့ရသည့် လူကုန်ကူးအမျိုးအစားများ၊ လူကုန်ကူးမှုဥပဒများ စသည့်သိကောင်းစရာများကိုဟောပြောခဲ့သည်။
Apr 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး - သီပေါ ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ဒုဌဝတီမြစ်တစ်လျှောက်တွင် နွေရာသီကာလအတွင်း ပြည်သူများအပန်းဖြေအနားယူနိုင်ရေးအတွက် စားသောက်ဆိုင်များ ဖွင့်လှစ်လာကြကြောင်း သိရသည်။
Apr 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာတိုးပွားရရှိစေရန်  အသိပညာပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နှင့် ကျေးရွာများ၌ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီး‌‌ဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစာသင်ဝိုင်းများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမာမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၊ ရှယ်လ်တာဆောင်နှင့် သရက်ချောင်း (မူလွန်)ကျောင်းတွင် စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
Apr 09,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြို့မစျေးအတွင်း မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။