ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မင်းတဲရတနာစာသင်ဝိုင်း ဖွင့်လှစ်

မန္တလေး ဧပြီ ၉

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲရတနာ စာဖက်ဝိုင်း စာတက်မြောက်ရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၂၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ သုခရိပ်‌ ကျောင်းဆောင်တွင် ဧပြီလ ၆ ရက်နေ့  မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ အောင်မြေသာစံ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်း၊ မြို့နယ်စာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အတွင်းရေးမှူး ရဲမှူး လှမိုး (မြို့နယ်ရဲတပ်ဖွဲ့မှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝင်းမျိုးထွန်း၊ အဖွဲ့ဝင်(၂) ဦးဇော်လင်းဦး၊ အဖွဲ့ဝင်(၃) ဦးသိန်းလွင် (မြို့နယ်လဝကဦးစီးမှူး)၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြီး (ပညာ)နှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာသင်သားများ စုစုပေါင်း ၅၀ ဦး တက်ရောက်ကြသည်။

အစီအစဉ်အရ မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူးက မင်းတဲရတနာ စာသင်ဝိုင်း စာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် စာသင်ဝိုင်းကို စတင်သင်ကြားရာ တာဝန်ရှိသူများက အားပေးကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းပေးသည်။

အဆိုပါ မင်းတဲရတနာ စာသင်ဝိုင်းတွင် စာသင်သား၂၀ ဦး ရှိပြီး ဧပြီလ ၆ ရက်နေ့မှ မေလ ၂၀ရက် နေ့ထိ ညနေ ၃ နာရီမှ ၆ နာရီ အချိန်ထိ နေ့စဥ် ပညာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)