အမာ ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့နှင့် ကျေးရွာများ၌ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစာသင်ဝိုင်းများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ရှယ်လ်တာဆောင်နှင့် သရက်ချောင်း (မူလွန်)ကျောင်းတွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာသင်ဝိုင်း (၁)ဝိုင်း လျှင် သင်ကြားရေး ဆရာ/မ(၁)ဦးစီဖြင့် သင်ကြားဆောင်ရွက်ခဲ့ပြီး စာတတ်မြောက်ရေး လာရောက်သင်ကြားသူများအား တစ်ဦးလျှင် ဗလာစာအုပ်၊ ခဲတံနှင့် ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တစ်ရက်လျှင် (၃)နာရီနှုန်းဖြင့် ဧပြီ (၈) ရက် မှ မေလ (၁၇) ရက်နေ့အထိ ရက်(၄၀)ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)