အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလအတွက် ခွဲတမ်းရရှိသည့် ယူရီးယား ဓာတ်မြေဩဇာများအား ဖြန့်ဖြူးပေးရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဧပြီလ (၈) ရက်နေ့ ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်နှင့် ကျောက်ဆည်ခရိုင်များမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက သာယာဝတီမြို့၊ ကွက်သစ်ရပ်ကွက် ကျိုက်လိုဇောတိကာရုံပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 09,2024
မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမတွင် ဧပြီလ(၈)ရက်နေ့ နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 09,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ကျေးလက်နေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သတ်မှတ်စာသင်ဝိုင်းများတွင် သင်ကြားပို့ချပေးနေမှုများကို ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးကြသည်။
Apr 09,2024
ရန်ကုန်တိုင်း‌ဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် စာသင်ဝိုင်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 09,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကာကွယ်ဆေးထိုးခြင်း အနုစိတ် စီမံချက်ရေးဆွဲနည်း (‌ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Apr 09,2024
ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်၊ အကွက်(၄၅၇)၊ ကမ်းနားလမ်းရှိ အထက (ခွဲ)(၁၈)တွင် ၂၀၂၄ ခုနှစ် မြို့နယ်အဆင့် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း၊ "အ" သုံးလုံး စာသင်ဝိုင်းများသို့ ယနေ့ ညနေ ၃:၂၅ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊  တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Apr 09,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ချပြရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက ကျောက္ကူပြင်ကျေးရွာအုပ်စု ၊ ကျောက္ကူပြင်ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။