ပေါင်မြို့နယ်(Community Centre) ခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

 ပေါင် ဧပြီ ၉

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၉) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ ‌မော်လမြိုင်မှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှု လျော့နည်းပပျောက်စေရေး၊ မြန်မာနိုင်ငံမှာ ကြုံတွေ့ရသည့် လူကုန်ကူးအမျိုးအစားများ၊ လူကုန်ကူးမှုဥပဒများ စသည့်သိကောင်းစရာများကိုဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့ကို အသိပညာပေး ဟောပြောပြီးကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ကာ ဆုရရှိသူများကို  ဆုများချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍လူကုန်ကူးမှုနှင့်ပတ်သက်သည့်လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့် စိတ်ဝင်စားဖွယ်ရာ စာအုပ်စာအုပ်စာ‌ပေများနှင့် နံရံကပ်စာ‌စောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)