အမြို့မြို့အနယ်နယ်သတင်းများ

Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အကြမ်းဖက်သမားများ ဝင်ရောက်မှုမရှိစေရေး၊ နယ်မြေအေးချမ်းသာယာ လုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ယနေ့ နံနက် (၈) နာရီ အချိန်ခန့်တွင် လပွတ္တာမြို့၊ အမှတ်(၅) ရပ်ကွက်၊ ကမ်းနားလမ်းရှိ သင်္ဘောဆိပ်များ၌ ဆိုက်ကပ်ထားသော စက်လှေများ၊ ရေယာဥ်များရှိ ခရီးသည်များအား မှတ်ပုံတင်များ စစ်ဆေး ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
Apr 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမတွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ဆိုလာစနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဆိုင်ရာ မြို့နယ်အဆင့်သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပခဲ့သည်။
Apr 09,2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သတင်းရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 09,2024
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
Apr 09,2024
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပြုလုပ်ခဲ့ သည်။
Apr 09,2024
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သော ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ကျင်းပသည်။
Apr 09,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ မြို့နယ်များ မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
Apr 09,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများ စည်းမျဥ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင်ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။