နောင်ချို ဧပြီ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများ စည်းမျဥ်းစည်းကမ်းများကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင်ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်တွင် ပါရှိသော ဝန်ထမ်းစည်းမျဥ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်လင်းမီမီကျော်က ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မေစံပယ်ဖူးက ခွင့်ကာလ၊ ကူးပြောင်းချိန်ကာလနှင့် ရုံးပိတ်ရက်များ ဆက်စပ်ခံစားခွင့် ပြုခြင်းကိုလည်းကောင်း အသီးသီးဖတ်ကြားရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရန်အတွက် တစ်လလျှင် နှစ်ကြိမ် ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ၊ ဝန်ထမ်းကျင့်ဝတ်၊ ရုံးလုပ်ငန်း လက်စွဲ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ စသည့်စာအုပ်များဖြင့် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထွေးငယ်၊ ပြန်/ဆက်