မုံရွာ၊ ဧပြီ ၉
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပရေး (ဒုတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၉ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် မိမိတို့ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ကော်မတီအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်အားလုံးအနေဖြင့် သင်္ကြန်ပွဲတော်တွင် လာရောက်ကြမည့် ပြည်သူများအား ပျော်ရွှင်စွာရေကစားနိုင်ရေး၊ သင်္ကြန်ရိုး ရာယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ စတုဒီသာကျွေးမွေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးနှင့် လုံခြုံရေးဆိုင်ရာများကို အပြည့်အဝ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊
မဟာသင်္ကြန်ပွဲတော်အား ဖျော်ဖြေရေးအစီအစဉ်အဖြစ် နိုင်ငံကျော်အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်များဖြင့် စည်စည်ကားကား ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနှစ် ဆန်း ၁ ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ ဇီဝိတငါးလွှတ်ပွဲများ နှင့်ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကော်မတီအဖွဲ့ဝင်အားလုံးအနေဖြင့် လုပ် ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတို့ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၁၃၈၅-ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် လမ်းလျှောက် သင်္ကြန်ကျင်းပပြုလုပ်မည့် ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဗဟိုမဏ္ဍပ်၊ ဝန်ကြီး ဌာနမဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များ တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ် ဆေးပြီး လျှပ်စစ်မီး၊ရေပြတ်လပ်မှုမရှိစေရေး၊ ယျာဉ်များစနစ်တကျထားရှိရေး၊ လာရောက်ရေက စားမည့်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အပူဒဏ်ကိုကာကွယ်နိုင်မည့် ရေပန်းများ တပ်ဆင်ရေးတို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)