ချီဖေမြို့နယ်လူထုအခြေပြဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

ချီဖွေ ဧပြီ ၉

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျင်းပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဂွါဇာလေးက ယခုလို နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား/သူများ အသိပညာ၊အတတ်ပညာများ ရရှိစေရန်အတွက် ယခုလို သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ (၁)လသာ သင်တန်းပြီးဆုံးပြီ ဖြစ်သော်လည်း သားတို့သမီးတို့အနေဖြင့် စဉ်ဆက်မပြတ်လေ့လာ၊‌ လေ့ကျင့်သင်ယူရမည့် ဖြစ်ကြောင်းပြောကြားပြီး သင်တန်းဆရာဦးဆိုင်း‌အောင်က ယခုလိုတရုတ်စကားပြော အခြေခံသင်တန်းကို (၁) လသာ သင်တန်းပြီးမြောက်ခဲ့သော်လည်း သင်တန်းသူ၊ သားများ အနေဖြင့်အချင်းချင်း မရှက်‌မကြောက် ပြောဆို၊ လေ့ကျင့်မှသာ ဘာသာစကားကို ပြောဆို တတ်လာမှာဖြစ်ပြီး၊ လေ့လာရန်မသိနာမလည်းသည်များ အချိန်မရွေးလာရောက် မေးမြန်းနိုင် ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဂွါဇာလေးက သင်တန်းသား၊သူများကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြောင်းခဲ့သိရသည်။

အဆိုပါ တရုတ်စကားပြော အခြေခံ (အခမဲ့) သင်တန်းကို (၈-၃-၂၀၂၄) ရက်နေ့မှ(၄-၈-၂၀၂၄) ရက်နေ့ထိ သင်တန်းသူ၊ သား (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)