လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းတွင်လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်

မော်လိုက် ဧပြီလ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမ၌ ဖွင့်လှစ်လျက်ရှိသော အခြေခံပန်းချီသင်တန်း တွင် သင်တန်းသား/သင်တန်းသူများအတွက် (၄၅၃၀၀၀) ကျပ် တန်ဖိုးရှိ 12 water Colour Tube နှင့် စုပ်တံများကို ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက  သင်တန်းသား/ သင်တန်းသူများ၏ အခြေခံပန်းချီ ရေးဆွဲသင်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး နံရံကပ်ဘုတ်တွင် သင်တန်းသား/သင်တန်းသူများ၏ လက်ရာဖြစ်သော ပန်းချီကားချပ်များကိုလည်း ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ အခြေခံပန်းချီသင်တန်းကို (၂၃.၃.၂၀၂၄)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်္ကြန်ပိတ်ရက်အတွင်း ယာယီပိတ်ထားမည်ဖြစ်ပြီး (၂၂.၄.၂၀၂၄) ရက်နေ့မှ (၃၀.၄.၂၀၂၄)ရက်နေ့အထိ ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)