မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ​သင်္ကြန်အ​တက်​နေ့ကို အေးချမ်း​ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျငပနေမှုများ လိုက်လံကြည့်ရှုအား​ပေး

မော်လမြိုင်ဧပြီ ၁၆

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ကို မြို့နယ်အသီးသီးတွင် ​သင်္ကြန်အတက်​နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ဧပြီလ ၁၆ ရက်​နေ့တွင် တန်ခူးရေစင် အတာသင်္ကြန်မဏ္ဍပ်တွင် ပျော်ရွှင်စွာ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တို့သည် ပိတောက်ရွှေမြိုင် ရေကစားမဏ္ဍာပ်၊ ရွှေဝင်းဝါဖူးရေကစားမဏ္ဍာပ်နှင့် ဗဟိုမဏ္ဍတို့တွင် ​​ပျော်ရွှင်စွာ​နှင့် စည်ကားသိုက်မြိုက်စွာ ရေကစားခြင်း၊ ​အများပြည်သူများ ​ရေပက်ခံထွက်ခြင်းများ၊ လှပျိုဖြူလေးများ၏ ယိမ်းအကအလှ​များဖြင့် ဖျော်ဖြေတင်ဆက်နေမှုများ၊ ​ခေတ်​ပေါ်​တေးဂီတ ဝိုင်း​တော်သားများနှင့်  ​တေးသံရှင်များ၏ ​တေးသီချင်းများဖြင့် ​ဖျော်​ဖြေတင်ဆက်မှုများအ​ပေါ် ကြည့်ရှုအား​ပေးခဲ့ကြပြီး အတာ​ရေစင် အမွှေးနံသာရေများကို သပြေခတ်ဖြင့် ပတ်ဖြန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆု​ငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

အလားတူ မွန်ပြည်နယ်အတွင်ရှိ မြို့နယ်အသီးသီးတွင်လည်း သင်္ကြန်အတက်​နေ့ကို ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ရေကစားခြင်း၊ အများပြည်သူများ ရေပက်ခံထွက်ခြင်းများ၊ စတုဒီတာ ကျွေးမွေးခြင်းများဖြင့် စည်ကားများပြားလျက် ရှိကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)