သာယာဝတီ ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ် ၃၀/၂၀၂၄ ဖြင့် သာယာဝတီအကျဥ်းထောင်မှ အကျဥ်းသား ၈၃ ဦး၊ အကျဥ်းသူ ၅ ဦး စုစုပေါင်း ၈၈ ဦးအား ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်က လွတ်ငြိမ်းခွင့်ပြုပေးကြောင်း သိရသည်။
ထိုသို့လွှတ်ငြိမ်းခွင့်ပြုပေးရာတွင် အကျဥ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်နှင့် ဝန်ထမ်းများ၊ သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံမင်း၊ မြို့မရဲစခန်းမှူး ဒုရဲမှူး တင်ယုနှင့် ဌာနဆိုင်ရာများက လွှတ်ငြိမ်းခွင့်ပြုခြင်းခံရသူများကို ဆုံးမသြဝါဒစကားများပြောကြားပြီး ၎င်းတို့၏နေရပ်ထံသို့ ပြန်လည်ရောက်ရှိရေးအတွက် ထောင်လွတ်လက်မှတ်နှင့် ခရီးစရိတ်များ ပေးအပ်ကာ ထောင်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)