အမြို့မြို့အနယ်နယ်သတင်းများ

Apr 24,2024
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲကို ဧပြီ (၂၂) ရက် ညနေ (၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
Apr 24,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုဂ္ဂလိကဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးပညာရေး ဒီဂရီကောလိပ်ရှိ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဈေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများက ဧပြီ ၂၃ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Apr 24,2024
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပုဂ္ဂလိက ဆရာအတတ်ပညာလက်မှတ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အဆိုပါကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပခဲ့သည်။
Apr 24,2024
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများနှင့် လူရည်ချွန်မောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။
Apr 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် မြို့လယ်သံတန်ဆောင်း တော်ကြီး၏ နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သည့် (၃၈) ကြိမ်မြောက် နာရီ (၉၀) အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအထိမ်းအမှတ်အဖြစ် မြို့လယ်သံတန်းဆောင်းတော်ကြီးတွင် ကိန်းဝပ်စံပယ်လျက်ရှိသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ဧပြီလ ၂၂ ရက်နေ့ ညနေ (၆) နာရီက စတင်၍ မြို့တွင်းလမ်းမများတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 24,2024
စစ်ကိုင်းတိုင်း‌ဒေသကြီး ကလေးဝမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုးမြူငွေ့ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီ က ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။