သင်္ဃန်းကျွန်း ဧပြီ ၂၄
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပုဂ္ဂလိက ဆရာအတတ်ပညာလက်မှတ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက အဆိုပါကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းများကို ကိုယ်ပိုင်ကျောင်းများရှိ ဆရာအတတ်ပညာသင်တန်းဆင်းလက်မှတ် မရရှိသေးသည့် ဆရာ၊ ဆရာမများအတွက် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ် သင်တန်းကို ပညာရေးဒီဂရီကောလိပ် ၁၈ ခုတွင် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ(၃၁)ဦး၊ ဆရာမ(၃၇၂)ဦး စုစုပေါင်း(၄၀၃)ဦးအား ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)