ကလေးဝမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုးမြူငွေ့ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကလေးဝ ဧပြီ ၂၄

စစ်ကိုင်းတိုင်း‌ဒေသကြီး ကလေးဝမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုးမြူငွေ့ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီ က ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။    

လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မီးခိုးမြူငွေ့ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မီးခိုးမြူငွေ့ဆိုင်ရာသိကောင်းစရာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သစ်ဆွေးမြေကြောင့် တောမီးလောင်ကျွမ်း မှု၊ မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ၊ ရွှေ့ပြောင်းတောင်ယာစနစ်အရ တောမီးရှို့ခြင်းကြောင့် သစ်တောများပျက်စီးခြင်းများအကြောင်း စသည်တို့ပါရှိကြောင်း သိရသည်။                                           

မြို့နယ် (ပြန်/ဆက်)