ကံမ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဈေးကွက်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများက ဧပြီ ၂၃ရက်နေ့ နံနက် (၉) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ၌ စည်ပင်သာယာမြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းဆိုင်များတွင် ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ၊ မြေပြင်လက်ကျန်အနေအထား၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)