မြဝတီ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အ ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဖြိုးမင်းဇော်က ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် သိရှိလိုက်နာရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်အချက် ပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းဆိုင်ရာများအား အသိပညာပေး ရှင်းလင်းပြောကြားပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြုတက်စေရန်သရုပ်ပြသပေးကာ မီးဘေးနှင့်ကြုံတွေ့သည့်အခါ ဆောင်ရွက်ရမည့် ဇာတ်တိုက်လေ့ကျင့်မှုများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြကာ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြသည်။
အဆိုပါသရုပ်ပြပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဖြိုးမင်းဇော်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်စွက်ထားရှိရန်မှာကြားသည်။ အလားတူ မြဝတီမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ၊ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြမှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန် /ဆက်)