အမြို့မြို့အနယ်နယ်သတင်းများ

May 10,2024
မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မန္တလေး-မြို့သာ စက်မှုဥယျာဉ်စီမံကိန်းဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မေ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပရာ  မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေး-မြို့သာ စက်မှု ဖွံဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ (Mandalay Myotha Industrial Public.,Ltd-MMID)မှ ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် စီမံကိန်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
May 10,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး လူငယ်ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ခဲ့သည်။
May 10,2024
မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်မည့် သင်တန်းသားများအား ကြိုဆိုတွေ့ဆုံပွဲ အခမ်းအနားကို ခေတ္တလက်ခံထားသည့်စခန်းရှိ နယ်မြေသင်တန်းကျောင်းခန်းမတွင်  ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းတင်နှင့် တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
May 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံအပါအဝင် နွေသီးနှံစုံ ၇၃၄၆၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရှိရသည်။
May 10,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းပြီးသော နှစ်ရှည်သီးနှံများအပြင် နှစ်ရှည်သီးနှံ အမျိုးအမည်သစ်များကိုလည်း ရှာဖွေစမ်းသပ်စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။
May 10,2024
နိုင်ငံတော်အစိုးရက ပြည်သူများ စာပေလေ့လာဖတ်ရှု‌စေရေး၊ အသိပညာဗဟုသုတတိုးပွား‌စေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များအဆင့်မြှင့်တင်နိုင်‌ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာတွင် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့်မြေနေရာ ရွေးချယ်သတ်မှတ်ခြင်းနှင့် မြို့နယ်အတွင်းရှိ မြေပြင်၌ အမှန်တကယ်ရှင်သန်လျက်ရှိသော ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအား အဆင့်မြှင့်တင်နိုင်ရေးအတွက် ‌မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့်တာဝန်ရှိများက ယမန်နေ့မွန်းလွဲ ၂နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာကြည့်တိုက်ကော်မတီဝင်များအား တွေ့ဆုံ၍ မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
May 10,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် "ခေါင်းဆောင်မှုနဲ့စီမံခြင်း" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။