သရက်ချောင်းမြို့နယ်တွင် ရိုဘတ်စတာကော်ဖီ (၂၇၄)ဧက တိုးချဲ့စိုက်ပျိုးရေးအတွက် ပျိုးပင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

သရက်ချောင်း   မေ   ၁၅

မြန်မာ့ကော်ဖီ ကမ္ဘာ့‌ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြင့် တွန်းအားပေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ခုနှစ်၊ မိုးရာသီတွင်  ရိုဘတ်စတာကော်ဖီ (၂၇၄) ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်ပျိုးထောင်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းနှင့် တာဝန်ရှိသူများကယမန်နေ့က ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် (၂၀၂၄–၂၀၂၅) ခုနှစ်၊ မိုးရာသီတွင်  ရိုဘတ်စတာကော်ဖီ (၂၇၄)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ(၂၅)အုပ်စု၊ စည်းရုံးဧက (၂၇၅)ဧက၊ တောင်သူ(၁၃၂)ဦးအား စည်းရုံးဆောင်ရွက်ထားရှိရာ ​မြို့မရပ်ကွက်ရှိ ကော်ဖီပျိုးပင် ပျိုးထောင်ထားရှိသော စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းနှင့် မြို့ဦးစေ‌တီတော်ဝင်းများတွင် ကော်ဖီပျိုးပင်(၁၁၀၀၀၀)ပင်ပျိုးထောင်ထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်မင်းထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)