ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ဓနုဖြူမြို့နယ်တွင် ဆီထွက်သီးနှံဇုန် (၂) မှ တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ဆွေးနွေးပွဲလုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေအနေအားကြည့်ရှုအားပေး

ဓနုဖြူ မေ ၁၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက ဓနုဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲလုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်မှ ဆီထွက်သီးနှံအထူးဇုန်များတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ဦးနှင့် အဖွဲ့မှ ဆီထွက်သီးနှံဇုန်(၂)မှ တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲလုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေအနေများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဆီဖူလုံမှုရရှိစေရေး လာရောက်ဆွေးနွေးပေးသည့် စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်မှ) ပညာရှင်များအား ကျေးဇူးတင်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် ယခုဆွေးနွေးပွဲတွင် ဆွေးနွေးမှုများအပေါ်  သေချာစွာ လေ့လာမှတ်သားထားကြရန်လိုအပ်ကြောင်းနှင့် သိရှိလိုသည်များရှိပါက မေးမြန်းနိုင်ကြောင်း ပြောကြားပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ဝင်းနိုင်၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆီထွက်သီးနှံဇုန်(၂)မှ တောင်သူများ စုစုပေါင်း (၁၂ဝ)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)