Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို လူရွေးချယ်ပွဲ ကျင်းပ
Sep 19,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သွားရောက် ယှဥ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့် လူရွေးချယ်ပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက်၉နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက်အဆင့်-၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး
Sep 19,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့က တော်ခရမ်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ခင်းများအတွင်း ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 19,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ယခုနှစ် မိုးရာသီစိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် နောင်မြိုင်းကျေးရွာအုပ်စု၊ ကင်တုံကျေးရွာ တောင်သူဦးစိုင်းမြင့်၏ လယ်ကွင်းနေရာတွင် ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးဖြစ်
Sep 19,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ၌သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လကုန်အထိ တိုက်နယ်(၁၀)ခုတွင် မိုးစပါးအပြင်သီးနှံစုံ(၂၃၇၆)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်း အခမ်းအနားကျင်းပ
Sep 19,2025
ရန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ရခိုင်ပြည်နယ်မှ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ (တစ်ပတ်စာ) ထောက်ပံ့ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Sep 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က တံတားမြို့အတွင်းရှိ တာပကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်း သို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့တွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာ သင်တန်း ဒုတိယအကြိမ်ဖွင့်လှစ်
Sep 19,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄)ဖြင့် ဒီဂျစ်တယ် အသိပညာ၊ခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်း(ဒုတိယအကြိမ်) ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(ဘားအံမြို့)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
451
Page
452
Page
453
Page
454
Current page
455
Page
456
Page
457
Page
458
Page
459
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department