ကျောက်ဆည် မေ ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ထုတ်ပေးခြင်းများကို ကာယကံရှင်ပြည်သူများ၏ လက်ဝယ်အရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ဆောင်ရွက်ထုတ်ပေးနေမှုများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ကျောက်ဆည်ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့် မြို့နယ်ဦးစီးမှူး ဦးအောင်ထားရွှေတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို one-stop service ဖြင့် ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)