ထန်းတပင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်) မေ ၁၇

လူငယ်လူရွယ်များ အားကစားဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မေ(၁၆)ရက်က ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပသည်။

ဟောပြောပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူးဒေါ်မြတ်နိုးသူက လူငယ်နှင့်အားကစားအကြောင်းအရာများကို တက်ရောက်လာကြသည့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်မြတ်နိုးသူက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်းများကို လက်တွေ့ပြသပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လက်တွေ့လေ့ကျင့်ခန်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)