မြစ်သား မေ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူလူထုအား သိရှိလိုက်နာနိုင်စေရန် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို မေ ၁၆ ရက် ၁၀ နာရီက ရွာသစ်ကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြစ်သားမြို့မ ရဲစခန်းမှူး ဒုရဲမှူး လင်းလင်းထွန်းက ရပ်ကွက်ကျေးရွာများအတွင်း ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှုစသည့် မှုခင်းဆိုင်ရာများနှင့် ပတ်သက်၍ ဆက်စပ်မှုခင်းများ လျော့နည်းကျဆင်းရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ရပ်ကွက်နေပြည်သူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုရဲအုပ် ပြည့်စုံအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆက်စပ်မှုခင်းများလျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟော ပြောခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲသို့ မြစ်သားမြို့ ရဲစခန်းမှူး ဒုရဲမှူးလင်းလင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့မရဲစခန်းမှ နယ်ထိန်းအရာ ရှိဒုရဲအုပ်ပြည့်စုံအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွာသစ်ကျေးရွာရှိ ပြည်သူလူထု စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)