‎မဟာအောင်မြေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် Abate ဆေးခပ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မဟာအောင်မြေ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ပညာပေးခြင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ကွင်းဆင်းဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာဇော်ဇော်အောင်၊ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့်အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့် ပိုးလောက်လန်းနှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ခြင်လောက်လန်းသေဆေး (abate) ဆေးခပ်ခြင်းများကို မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များအား စုရပ်ဖွဲ့၍ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

‎‎အောင်ဇော်မင်း