ကန့်ဘလူ မေ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ နိုင်ငံ့ဝန်ထမ်းများ စားအုန်းဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့က ကြီးကြပ်၍ ဆီလုပ်ငန်းရှင်များ ပူးပေါင်းကာ ယမန်နေ့(မေ ၁၇ ရက်)မွန်းလွဲ ၂ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့သည်။
အဆိုပါ စားအုန်းဆီများရောင်းချပေးရာ၌ နိုင်ငံ့ဝန်ထမ်းများ သက်သာချောင်ချိစေရန်နှင့် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများကို စနစ်တကျဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာ ငွေကျပ် ၈၄၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဆီပိဿာပေါင်း ၁၃၅၀ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)