မြစ်သား မေ ၁၈
မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များကျန်းမာရေးအထူးကောင်းမွန်ပြီး မွေးဖွားသည့်ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟော ပြောခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးပေးဝေခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို မေ ၁၈ ရက်နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဟာရပြည့်ဝသည့် အစားအစာများစားသုံးတတ်ရန်နှင့် ဌာနကပေးသည့် ဆေးများကိုပုံ မှန်သောက်သုံးရန်လိုကြောင်း၊ အစာအုပ်စု ၃ ခုပါဝင်အောင်စားသုံးရန်၊ ကလေး ဉာဏ်ကောင်းရန်အိုင်အိုဒင်းဆားစားသုံးရန်၊ လူစုလူဝေးရှောင်ရှားရန်နှင့် စနစ်တကျလက်ဆေး ရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအားလုံးကို တစ်ဦးချင်းကို အားဆေးပေးဝေခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)