အမြို့မြို့အနယ်နယ်သတင်းများ

Jul 13,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးက ကြီးမှူး၍ နိုင်ငံခြားသားများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို  ဇူလိုင် ၁၃ ရက် နံနက် ၁၀ နာရီက တာချီလိတ်မြို့၊ 1G1 Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jul 13,2025
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် (၂၅)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
Jul 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာဘေးအန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးရည်ရွယ်၍ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကံဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့က အန္တရာယ်ဖြစ်နိုင်ချေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့၊ ကိုင်းချောင်-ဘန့်ဘွေးကုန်ကျေးရွာချင်းဆက်လမ်းနှင့် တပ်မဆုတ်ကျေးရွာ၊ အ.မ.က ကျောင်းဝန်းအတွင်း၌ မြို့နယ်သစ်‌တောဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက်(၉)နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 13,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိ ကျေးရွာမှ တောင်သူ ၇ ဦး၏ လယ်ဧက ၃၀ တွင် မိုးစပါးစိုက်ပျိုးရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ စုပေါင်းထွန်ယက်ပွဲကို ပြုလုပ်ခဲ့သည်။
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် ကျွဲကူးကျေးရွာအုပ်စု၊ ဖက်ဝင်းကုန်း-ခြံကြီးကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့်  ကျေးရွာချင်းဆက်လမ်းနေရာအား ယမန်နေ့ နံနက်ပိုင်း၌  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။