မိုင်းယောင်း ဇူလိုင် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့က အန္တရာယ်ဖြစ်နိုင်ချေသိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက အမှာစကားပြောကြား၍ ကြက်ခြေနီအကြောင်းသိကောင်းစရာကို ဟောပြောပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ကြပ်ကြီး(တာဝန်) ဦးထက်မြတ်ထွန်းက အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းများကို ဟောပြောသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်းအကြောင်းများကို ပိုစတာများဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း