ကြို့ပင်ကောက် ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ အောင်ပင်သာကျေးရွာအုပ်စု ကျွဲဘိ ကျေးရွာမှ တောင်သူ ၇ ဦး၏ လယ်ဧက ၃၀ တွင် မိုးစပါးစိုက်ပျိုးရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ စုပေါင်းထွန်ယက်ပွဲကို ပြုလုပ်ခဲ့သည်။
တောင်သူ ကိုပေါက်ကလေး၏ လယ်ငါးဧကတွင် ယခင်က အောင်နိုင်တိုးနွေစပါး စိုက်ပျိုးခဲ့ရာ တစ်ဧကတွင်တင်း ၁၁၅ ထွက်ရှိကြာင်း ယခုမိုးစပါးအား အောင်နိုင်တိုးစပါးမျိုးကိုသာ ပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အခြားတောင်သူ ၆ ဦးမှာ အောင်နိုင်တိုးစပါးနှင့် ဆင်းသုခစပါး မျိုးကိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း စုပေါင်းထွန်ယက်ပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ထွန်စက် ၉ စီးရိတ်ခြွေစက်တစ်စီး ပုဂ္ဂလိကရိတ်ခြွေစက်တစ်စီးတို့ဖြင့် တောင်သူများမှ စက်သုံးဆီသာကျခံ၍ ထွန်စက်များကို အခမဲ့ထွန်ယက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုးစပါးဧက ၃၀ စုပေါင်းထွန်ယက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ တောင်သူများ တက်ရောက်ခဲ့ကြကြာင်း သိရသည်။
ဇေယျာထွန်း(ပြန်/ဆက်)