Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး လူငယ်စကားဝိုင်းကျင်းပ
Jul 13,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတဖွံ့ဖြိုးစေရေးအတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှု
Jul 13,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Jul 13,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဉယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ သမဝါယမအသင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူပညာရေးဒီဂရီကာလိပ်ရှိ အုတ်တံတိုင်းဟောင်းပြိုလဲပျက်စီး၊ ပြည်သူတစ်ချို့ ဘေးလွတ်ရာသို့ပြောင်းရွှေ့
Jul 13,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်အရှေ့ဘက်ခြမ်း(အားကစားရုံနှင့်ဝန်ထမ်းအိမ်ရာဘက်)ရှိ ၁၉၈၅ခုနှစ်က ဆောက်လုပ်ထားသည့် အလျား ၁၀ ပေ၊ အနံ ၉ ပေရှိ အုတ်တံတိုင်းဟောင်းပြိုကျပျက်စီးသည့်အပြင် ဆင်ပေါက်လှချောင်းရေကျဆင်းလာခြင်းကြာင့် အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ်ရှိ အိမ်ထောင်စု ၂၇ စု၊ ပြည်သူလူဦးရေ ၁၀၈ ဦး ရေဘေးလွတ်ရာ ခုနစ်အိမ်တန်းဓမ္မာရုံသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမွေးမြူရေးဇုံဧက ၂၀၀၀ အနီး ခရိုင်ချင်းဆက်လမ်းအမှတ်(၁)မှ မှန်ပြတောင်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Jul 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တိုက်ကြီးမွေးမြူရေးဇုံ ဧက ၂၀၀၀ အနီး ခရိုင်ချင်းဆက်လမ်း အမှတ် (၁) မှ မှန်ပြတောင်သွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ၊ မှော်ဘီခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 13,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူလေးစားရမည့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓာတ်များ၊ မမေ့သင့်မမေ့အပ်သော အာဇာနည်နေ့၊ အာဇာနည်သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ် တတ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့် မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင် ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အကြောင်းများကို ဟောပြောခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ အောင်နိုင်တိုးစပါးမျိုးစေ့ထုတ် (RS) စိုက်ခင်းအတွက် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုး
Jul 13,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ထုတ်ဌာနခွဲရှိ မျိုးသန့်ခြံအတွင်း မျိုးကောင်းမျိုးသန့် အထွက်ကောင်းစပါးမျိုးများ မျိုးစေ့ထုတ်လုပ်ရန် ယနေ့နံနက်ပိုင်းက အောင်နိုင်တိုးစပါးပင်များကို လက်ဆွဲကောက်စိုက်များဖြင့် စိုက်ပျိုးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစ…
Jul 13,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးကျော်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3867
Page
3868
Page
3869
Page
3870
Current page
3871
Page
3872
Page
3873
Page
3874
Page
3875
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department