ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ နတ်တလင်းမြို့ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား ကြည့်ရှု

နတ်တလင်း ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့သည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ရွှေလင်းခန်းမ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် မြို့မရပ်ကွက်၊ မင်းလမ်းရှိ ဝန်ထမ်းစုပေါင်းအိမ်ယာဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံခွန်တိုင်ကျေးရွာအုပ်စု ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ကွင်းအမှတ် (၂၄၃) တောင်သူ ဒေါ်နုနုရီပိုင် လယ် (၆) ဧကတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများမှ ဒေသခံတောင်သူများအား MPEပုလဲမြေသြဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)