မိုးနဲမြို့နယ်၌ သမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

မိုးနဲ ဇူလိုင် ၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဉယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ သမဝါယမအသင်း အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သဘာပတိအသင်းဉက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဝင်းမြင့်က လမ်းညွှန်အမှာစကား ပြောကြားခြင်း၊ မြဖူးဝေ ငွေစု၊ ငွေချေသမဝါယမအသင်းလီမိတက်၏ အမှုဆောင် အဖွဲ့အစီရင်ခံစာအား တာဝန်ရှိသူများက ဖတ်ကြားတင်သွင်းခြင်းများကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အသင်းသားစာရင်းစစ်အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ၂၀၂၄-၂၅ဘဏ္ဍာရေးနှစ် နှစ်ချုပ်အစီရင်ခံစာနှင့် နှစ်ချုပ်စာရင်းများ ဖတ်ကြားတင်သွင်းခြင်း၊ အသင်းအမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာကို အသင်းသားများအား အတည်ပြုစေခြင်း၊ စုဆောင်းငွေများအတွက် အသင်းသားများအား အတိုးများ ပေးအပ်ခြင်း၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခြင်းနှင့် သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားပေးခဲ့ပြီး ပြန်လည်ထွက်ခွာကာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သဘာပတိကြီးနှင့် အသင်းအမှုဆောင်များ၊ တာဝန်ရှိသူများ အသင်းသူအသင်းသားများ စုပေါင်းအင်အား ၅၀ကျော်ဖြင့် အစည်းအဝေး အစီအစဉ် ၁၂ ချက်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇင်ကိုကို